Computer Fundamental
IT လောကထဲ ဝင်ရောက်လိုသူများအတွက် မဖြစ်မနေ သင်ယူသင့်သော အခြေခံဘာသာရပ်တစ်ခုဖြစ်ပါသည်။ ဤဘာသာရပ်သည် NCC HND Government University Year 1 ကျောင်းသားများအတွက် ကွန်ပျူတာနှင့် IT လောက၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးသော အရေးပါသည့် ဘာသာရပ်ဖြစ်ပါသည်။ Hardware၊ Software၊ Operating System၊ Data Storage နှင့် Networking အခြေခံများကို လွယ်ကူနားလည်စေသော နည်းလမ်းဖြင့် သင်ကြားပေးပါသည်။
About this course
ဤဘာသာရပ်သည် NCC HND Government University Year 1 ကျောင်းသားများအတွက် ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာ၏ အခြေခံအယူအဆများကို မိတ်ဆက်ပေးရန် ရည်ရွယ်ထားပါသည်။ ကွန်ပျူတာစနစ်များ ဘယ်လိုလုပ်ဆောင်နေသည်၊ ဒေတာများကို ဘယ်လို ကိုယ်စားပြု၍ စီမံခန့်ခွဲသည့်နည်းလမ်းများ၊ Hardware နှင့် Software များအကြား အပြန်အလှန် လုပ်ဆောင်ပုံများကို နားလည်စေရန် အခြေခံအုတ်မြစ် တည်ဆောက်ပေးပါသည်။ သင်တန်းအတွင်း ကွန်ပျူတာ Hardware အစိတ်အပိုင်းများ၊ Operating System များ၏ အခန်းကဏ္ဍ၊ Software အမျိုးအစားများ၊ Data Storage နည်းလမ်းများ၊ အခြေခံ Networking အယူအဆများနှင့် Information Systems များကို မိတ်ဆက်လေ့လာရမည်ဖြစ်ပါသည်။ ထို့အပြင် Number Systems၊ Data Representation နှင့် Computer System Architecture အခြေခံများကိုလည်း လေ့လာပြီး ကွန်ပျူတာ၏ အတွင်းပိုင်း လုပ်ဆောင်ပုံကို နားလည်နိုင်စေရန် အထောက်အကူပြုပါသည်။ ဤဘာသာရပ်သည် လက်တွေ့အသုံးချနိုင်သော အခြေခံဗဟုသုတများနှင့် ဆန်းစစ်ခွဲခြမ်းနိုင်စွမ်းများကို ဖွံ့ဖြိုးစေရန် အလေးထားထားပြီး Programming၊ Networking၊ Database နှင့် Information Systems စသည့် အဆင့်မြင့်ဘာသာရပ်များကို ဆက်လက်လေ့လာရာတွင် အခြေခံအုတ်မြစ်ကောင်း တည်ဆောက်ပေးနိုင်ပါသည်။
What you'll learn
- Computer Basic Skill
Requirements
- What is Computer ?
Related Courses
Computer Maintenance (A+)
Hein Htet Aung
Excel for Kids
Hein Htet Aung
CompTIA A+ Certified Technician
Hein Htet Aung
Excel for Beginner
Hein Htet Aung