Privacy Policy

ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးမူဝါဒ

ဤ Privacy Policy သည် SanPya Learning အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းကို အသုံးပြုသော ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ သင်တန်းပို့ချသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့ စုဆောင်း၊ အသုံးပြု၊ ထိန်းသိမ်းမည်ကို ရှင်းလင်းဖော်ပြထားခြင်း ဖြစ်ပါသည်။ ပလက်ဖောင်းကို အသုံးပြုခြင်းဖြင့် ဤမူဝါဒကို လက်ခံသဘောတူသည်ဟု သတ်မှတ်ပါသည်။

1. စုဆောင်းသော အချက်အလက်များ (Information Data Storing)

ကျောင်းသားများအတွက်

  • အမည်
  • ဖုန်းနံပါတ်
  • Email
  • သင်တန်းတက်ရောက်မှု အချက်အလက်
  • Payment အချက်အလက် (လိုအပ်ပါက)

ဆရာ/ဆရာမများအတွက်

  • အမည်
  • ဘွဲ့/အရည်အချင်း
  • သင်ကြားမှု အတွေ့အကြုံ
  • ဆက်သွယ်ရန် အချက်အလက်
  • သင်ကြားသော သင်တန်းအချက်အလက်

2. အချက်အလက်အသုံးပြုရည်ရွယ်ချက်

  • အကောင့်ဖွင့်ခြင်းနှင့် စီမံခန့်ခွဲခြင်း
  • သင်တန်းများ ပေးပို့ခြင်း
  • သင်ကြားရေး ဆက်သွယ်မှုများ
  • ငွေပေးချေမှု စီမံခန့်ခွဲခြင်း
  • ပလက်ဖောင်း တိုးတက်ရေး

3. အချက်အလက် မျှဝေမှု (Confidential Info Sharing)

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင်၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများနှင့် မမျှဝေပါ

ဥပဒေအရ တောင်းဆိုပါက သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့်သာ အကန့်အသတ်ရှိစွာ မျှဝေနိုင်ပါသည်။

4. လုံခြုံရေး (Security Concern)

သင်၏ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားပါသည်:

Password Protection

Secure Server

Access Control

5. အကောင့် လုံခြုံရေး တာဝန်

အသုံးပြုသူများသည် မိမိ၏ Password နှင့် Login အချက်အလက်များကို မိမိတာဝန်ယူ၍ ထိန်းသိမ်းရပါမည်။

6. အချက်အလက် ပြင်ဆင်ခြင်း / ဖျက်သိမ်းခြင်း

အသုံးပြုသူများသည် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းအတွက် Platform ကို ဆက်သွယ်နိုင်ပါသည်။

7. ကလေးသူငယ်များ၏ အချက်အလက်

အသက် 18 နှစ်အောက် ကျောင်းသားများအတွက် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့်သာ အကောင့်ဖွင့်ခွင့်ရှိပါသည်။

8. Privacy Policy ပြောင်းလဲမှု

ဤမူဝါဒကို အချိန်မရွေး ပြင်ဆင်နိုင်ပြီး ပြောင်းလဲချက်များကို Platform ပေါ်တွင် ကြေညာမည်ဖြစ်ပါသည်။

9. ဆက်သွယ်ရန်

Last Updated: February 24, 2026