အသက် ၂၀-၂၅ ကြားလူငယ်များအတွက် ကျွန်တော်ပေးချင်တဲ့ Life Tips
San Pya Learning Centre
May 26, 2026 • 2 views
အသက် ၂၀ ကျော်လာပြီ ကျောင်းပြီးသွားတဲ့သူတွေလည်းရှိမယ် ဒါပေမဲ့ မနက်အိပ်ရာနိုးလာတိုင်း ကိုယ့်ကိုယ်ကိုယ် "ငါ ဘာဆက်လုပ်ရမလဲ" လို မေးခွန်းထုတ်နေရပြီလား
အသက် ၂၀-၂၅ အရွယ် လူငယ်တွေ အများဆုံး ညည်းတွားကြတာက... "ကိုယ်က ဘာမှမဟုတ်သေးသလို ခံစားရတာ၊ အထီးကျန်တာ၊ လမ်းပျောက်နေတာ" တွေချည်းပါပဲ
မြန်မာပြည်ကလူငယ်တွေဆိုရင် လက်ရှိအခြေအနေတွေကြောင့် ဒီခံစားချက်က ၁၀ ဆလောက် ပိုပြင်းထန်နေမှာမှန်တယ်
ဆိုတော့... အဲ့ဒီဒုက္ခတွေက တကယ့်
အကျပ်အတည်းတွေလား ဒါမှမဟုတ် ခေတ်ကြီးက ရိုက်သွင်းထားတဲ့ အယုံအကြည်မှားယွင်းမှုတွေကြောင့် ကိုယ်တိုင်ဖန်တီးထားတဲ့ ထောင်ချောက်တွေလားပေါ့
🔹"သူများတွေ နေရာရနေပြီ၊ ငါက ကျန်ခဲ့ပြီ" ဆိုတဲ့ Comparison Trap
Facebook ကြည့်လိုက်ရင် သူငယ်ချင်းတစ်
ယောက်က ဂျပန်သွားဖို စာမေးပွဲအောင်သွားပြီနောက်တစ်ယောက်က ရုံးမှာရာထူးတိုးသွားပြီ
မင်းကတော့ အိမ်မှာအမေကျွေးတာ စားပြီး အလုပ်ရှာနေတုန်း အဲ့ဒီတော့ ငါ့ဘဝကြီးကနောက်ကျနေပြီလို ခံစားရရော
Social Media ဆိုတာ အောင်မြင်မှုတွေကိုပဲ ခင်းကျင်းပြသတဲ့ Showroom လေ
သူတို ညဘက်ငိုနေတာတွေ အကြွေးတွေပတ်လည်
ဝိုင်းနေတာတွေ ရုံးမှာအထက်လူကြီးအဆဲခံရတာတွေကို သူကလွဲရင် ဘယ်သူကသိနိုင်လဲ
အသက် ၂၅ မှာသူဌေးဖြစ်ဖို ဘယ်ဥပဒေက ပြဋ္ဌာန်းထားလိုလဲ သူများ ဇာတ်လမ်းထဲသွားပြီး ဇာတ်ပို ဝင်လုပ်နေမဲ့အစားကိုယ့်လမ်းကြောင်းကိုသာဖောက်ပါ
🔹 ကျောင်းပြီးရင်အလုပ်ရပြီဆိုတဲ့ လူငယ်တွေကိုရိုက်ထည့်ခဲ့တဲ့ဂျင်း
ကျောင်းပြီးရင် လစာကောင်းကောင်းနဲ့ အလုပ်ရပြီ၊ ဘဝကြီးအဆင်ပြေပြီ ဆိုတဲ့စကားကို ဘယ်သူတွေက ရိုက်ထည့်ခဲ့တာလဲဆိုတာ မေးခွန်းထုတ်စရာပဲ
ကျောင်းပြီးသွားတာနဲ့ ဘာလုပ်ရမှန်းမသိတဲ့လူငယ်တွေရှိပါတယ်
လုပ်ငန်းတွေက ကိုယ်ဖြေရှင်းပေးနိုင်တဲ့ ပြဿနာ နဲ့ မင်းရဲ့ Skill ကိုပဲ ပိုက်ဆံပေးတာ လိုအပ်တဲ့ Skill တွေထပ်ဖြည့်
အလုပ်သင် (Intern) ဘဝကနေ ပြန်စရမှာကို မရှက်ပါနဲ့ သုညကပြန်စရဲတဲ့သတ္တိမရှိရင်တစ်သက်လုံး အဲ့ဒီဘွဲဆိုတဲ့စက္ကူပြားကိုဖက်ပြီးငတ်နေလိမ့်မယ်
🔹အထီးကျန်ခြင်း
တက္ကသိုလ်တုန်းက အုပ်စုလိုက်သွားလာခဲ့တဲ့ သူငယ်ချင်းတွေ တဖြည်းဖြည်းနည်းလာတယ်
ဖုန်းခေါ်စရာလူမရှိတော့ဘူး
အပေါင်းအသင်းအသစ်ရှာဖိုကလည်းခက်လာတယ်
သူငယ်ချင်းတွေနည်းသွားတာ ဝမ်းနည်းစရာ မဟုတ်ဘူး ဂုဏ်ပြုရမယ့် ကိစ္စပဲ
အသက် ၂၀ ကျော်လာရင် ကိန်းဂဏန်းထက် အရည်အသွေး ကို ပြောင်းရမယ်
ဘဝမှာ Level တစ်ခုတက်လာတိုင်း အောက်မှာ ကျန်ခဲ့တဲ့လူတွေနဲ့ စကားပြောရတာအဆင်မပြေတော့တာ သဘာဝပဲ သူဌေးတွေက သူဌေးအချင်းချင်းပဲပေါင်းတယ် Billionaire က Millionaire ကိုတဆင့်နိမ့်ပြီးမပေါင်းဘူး
🔹"ဝါသနာ" လို ခေါ်တဲ့ အဆိပ်သင့်စကားလုံး
"ငါ့ ဝါသနာကဘာမှန်းမသိဘူး" ဆိုပြီး ညည်းတွားရင်း ဘာမှမလုပ်ဘဲ ထိုင်နေကြတယ် စီးပွါးရေး Group မှာ အရင်းအနှီးဘယ်လောက်ရှိပါတယ် ဘယ်လုပ်ငန်းလုပ်ရမလဲ မေးခွန်းတွေအများကြီးတွေ့ရလိမ့်မယ်
Passion ဆိုတာဇစ်မြစ်ကနေပြောရရင် ကြွယ်ဝချမ်းသာတဲ့ အသိုင်းအဝိုင်းက ကလေးတွေအတွက် ဖန်တီးပေးထားတဲ့ ဇိမ်ခံစကားလုံးတစ်ခုပဲ
သာမန်လူတွေအတွက် ဝါသနာအရင်းခံပြီး Passion ကို ငွေအဖြစ်ပြောင်းလဲဖို အချိန်ပေးတည်ဆောက်ရတယ်
🔹Social Media မှာ ကြွယ်ပြနေတဲ့လူတချိုကို ကြည့်ပြီး သိမ်ငယ်စရာမလိုဘူး
ဒီအကြောင်းကတော့ လက်ဆောင်အနေနဲ့ ထည့်ရေးလိုက်တာပါ ဒီစာဖတ်ပြီး ကိုယ့်ခြေထောက်အပေါ်ရပ်တည်နေတဲ့ ရိုးသားစွာရှာဖွေစားသောက်တဲ့ လူငယ်ယောကျာ်းလေးကော မိန်းကလေးတွေကော Respect ပေးပါတယ် Social Media ပေါ်မှာ ပိုက်ဆံတွေ ထိုင်းဘတ်တွေ ကိုင်ပြသုံးပြ IPhone Second Hand ကိုင်ပြီး ကျားဖြန့်ကရတဲ့ငွေတွေ Hi ခန်းကရတဲ့ အညှီအဟောက်ပိုက်ဆံတွေနဲ့ ကြွယ်ပြပြီး ယောကျာ်းလေးတွေကို မတူမတန်သလိုဆက်ဆံပြ ကိုယ့်အရည်အချင်းနဲ့ ငွေရှာနိုင်တဲ့အမျိုးသမီးတွေကို ခြေဖျားထောက်တိုင်းနေတဲ့သူတွေကို အထင်ကြီးအားကျစရာမလိုပါဘူး လူလဲကွာသလို မူလဲကွာတယ် Level ချင်းလည်းမတူတာမို သိမ်ငယ်စရာမလိုပါဘူး အားငယ်စရာလည်းမလိုပါဘူး ကိုယ့်ဆီမှာရှိတဲ့အရည်အချင်း၊ ငွေချင်းတူရင်တောင် ကိုယ့်ငွေက ပိုသန့်တယ်ဆိုပြီး Skip လုပ်ပါ
ဒီအချက်က ဘယ်သူတွေကိုပြောချင်တာလည်း ဆိုတာ စာဖတ်သူတိုင်းသိပါလိမ့်မယ်
လူငယ်တိုင်းရဲ့ အသက် ၂၀ ကနေ ၃၀ ဆိုတာ ဘဝရဲ့ အစမ်းသပ်ခံကာလပဲ ဒီအချိန်ဟာ ဘဝမှာအမှားတွေအများကြီးလုပ်ရမယ့်အရွယ် အလုပ်တွေအများကြီး ပြောင်းရမယ့်အရွယ်
လူတွေအများကြီးနဲ့လမ်းခွဲရမယ့် အရွယ်
အခုမှ Foundation စတူးနေတဲ့ အိမ်ကို "ဘာလို Roofing မပါသေးတာလဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မနေနဲ့တော့
Author -Jason Khant (Founder, Personal Coach)