Motivation Letter ဆိုတာ ဘာလဲ။ ဘာကြောင့် အရေးကြီးတာလဲ။

San Pya Learning Centre
San Pya Learning Centre
July 14, 2026 • 10 views
အလုပ်လျှောက်တဲ့အခါ ဒါမှမဟုတ် (Scholarship) တွေ လျှောက်တဲ့အခါ "Motivation Letter" တောင်းတာကို မြင်ဖူးကြမှာပါ။ အချို့ကလည်း ဒါကို Letter of Intent သို့မဟုတ် Statement of Purpose (SOP) နဲ့ ခပ်ဆင်ဆင်ပဲလို့ သတ်မှတ်ကြပါတယ်။
အကျဉ်းချုပ်ပြောရရင် Motivation Letter ဆိုတာ "ဒီအလုပ် ဒါမှမဟုတ် ဒီပညာသင်ဆုကို သင်ဘာကြောင့် ဒီလောက်တောင် လိုချင်နေရတာလဲ" ဆိုတဲ့ သင်ရည်ရွယ်ချက်နဲ့ စိတ်အားထက်သန်မှုကို စာရွက်တစ်ရွက်တည်းနဲ့ သက်သေပြရတဲ့စာ ဖြစ်ပါတယ်။
🔍 CV နဲ့ Motivation Letter ဘာကွာလဲ။
CV: သင့်မှာ ဘယ်လိုပညာအရည်အချင်းတွေ၊ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေ ရှိလဲဆိုတာကို (Facts) တွေနဲ့ စာရင်းပြုစုပြထားတာပါ။
Motivation Letter ကတော့: အဲဒီ CV ထဲက အချက်အလက်တွေအပြင် သင့်ရဲ့ စိတ်နေစိတ်ထား၊ မျှော်မှန်းချက်နဲ့ ခံယူချက် (Identity & Passion) ကို စာစီစာကုံးပုံစံနဲ့ ပေါ်လွင်အောင် ရေးပြရတာ ဖြစ်ပါတယ်။
💡 ပြောရရင်တော့ - CV က သင့်ရဲ့ "ဘာတွေလုပ်ခဲ့လဲ" ဆိုတဲ့ ရလဒ်ကိုပြပြီး၊ Motivation Letter ကတော့ "သင် ဘာကြောင့် ဒါကို ဆက်လုပ်ချင်တာလဲ" ဆိုတဲ့ အကြောင်းပြချက်ကို ပြတာပါ။
🎯 Motivation Letter ထဲမှာ ဘာတွေပါဝင်ရမလဲ။
ပုံမှန်အားဖြင့် စာလုံးရေ ၅၀၀ ဝန်းကျင် (စာမျက်နှာ ၁ မျက်နှာခွဲထက်မပိုစေဘဲ) အောက်ပါအချက် (၃) ချက်ကို အဓိကထား ရေးသားရပါတယ်။
Introduction : သင်က ဘယ်သူလဲ၊ ဘယ်ရာထူး သို့မဟုတ် ဘယ်မေဂျာကို လျှောက်ထားတာလဲဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှုရှိရှိ စတင်ရပါမယ်။
Body Paragraphs:
မိမိရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေက အခုလျှောက်တဲ့နေရာနဲ့ ဘယ်လိုကိုက်ညီလဲ။
ဒီအလုပ်/ဒီကျောင်းကို ရွေးချယ်ရတဲ့ တကယ့်အကြောင်းရင်း (Motivation) က ဘာလဲ။
ဒီနေရာကနေတစ်ဆင့် အနာဂတ်မှာ ဘာတွေဆက်လုပ်ဖို့ ရည်မှန်းထားလဲ။
Conclusion (နိဂုံးချုပ်အနေနဲ့): အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်စကားဆိုရင်း သင်ဟာ ဒီနေရာအတွက် အသင့်တော်ဆုံးလူဖြစ်ကြောင်း ထပ်ကွန့်‌ရေးပြီး လုပ်ငန်းစဉ်ကို ဆက်လက်ဆွေးနွေးလိုကြောင်း ဖော်ပြရပါမယ်။
🚀 Perfect Motivation Letter တစ်စောင်ဖြစ်ဖို့ဆိုရင်
CV ထဲက အချက်အလက်တွေကို ပြန်ကူးချနေမယ့်အစား သင့်ကို ဒီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးခဲ့တဲ့ အတွေ့အကြုံတစ်ခုခုကို ပုံပြင်ပြောသလို စိတ်ဝင်စားဖို့ကောင်းအောင် ချိတ်ဆက်ရေးရပါမယ်။
နောက်တစ်ချက်အနေနဲ့ အချက်အလက် ခိုင်မာဖို့လိုပါမယ် ဥပမာ"ကျွန်တော်က ကြိုးစားချင်စိတ်ရှိသူပါ" လို့ ရိုးရိုးကြီးပြောမယ့်အစား မိမိကြိုးစားခဲ့လို့ အောင်မြင်ခဲ့တဲ့ သက်သေ သို့မဟုတ် project တစ်ခုခုကို ထည့်ရေးလိုက်တာပိုကောင်းပါတယ်။
ဒါ့အပြင် Grammar နဲ့ Spelling အမှားတွေကို သေချာစစ်ဆေးပြီး စာဖတ်ရတာ ချောမွေ့နေဖို့ လိုအပ်ပါတယ်။
အလုပ်ခေါ်သူတွေ ဒါမှမဟုတ် ကျောင်းဘုတ်အဖွဲ့ဝင်တွေဟာ သင့်ရဲ့ အရည်အချင်းတင်မကဘဲ သင့်ရဲ့ "စိတ်အားထက်သန်မှု" ကိုပါ ကြည့်ပြီး ရွေးချယ်လေ့ရှိကြပါတယ်။ ဒါကြောင့် Motivation Letter ဟာ သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တံခါးတစ်ချပ်ကို ဖွင့်ပေးနိုင်တဲ့ အရေးကြီးဆုံး လက်နက်တစ်ခုပဲ ဖြစ်ပါတယ်။
Motivation letter အသုံးများဆုံးနေရာတွေကတော့ 👈
Schlorship application, Master/PHD programs, Non-profit organization တွေ volunteer apply တာမျိုးတွေမှာ
CV နဲ့အတူ တွဲတင်ရလေ့ရှိပါတယ်။ ✨
Page မှာ ရတဲ့ service တွေကို Comment မှာ pin ထားပေးပါတယ်။
Service အပ်ချင်ရင်
@sanpya2026 (Telegram Account )

Share this post

Related Posts

စိတ်ဓာတ်ကျဆင်းနေသူများ (သို့) စိတ်ရောဂါ လက္ခဏာပြနေသူများ

စိတ်ဓာတ်ကျဆင်းနေသူများ (သို့) စိတ်ရောဂါ လက္ခဏာပြနေသူများ

၁။ မနက်အိပ်ရာထရင်လည်း မောပန်းနွမ်းနယ်နေတာ မပြေပျောက်ဘူး... ၂။ အရင်က ပျော်ခဲ့တဲ့အရာတွေကို အခု မပျော်နိုင်တော့ဘူး... ၃။ တယောက်တည်းပဲ နေချင်တဲ့အချိန်တွ...

အသက် ၂၀-၂၅ ကြားလူငယ်များအတွက် ကျွန်တော်ပေးချင်တဲ့ Life Tips

အသက် ၂၀-၂၅ ကြားလူငယ်များအတွက် ကျွန်တော်ပေးချင်တဲ့ Life Tips

အသက် ၂၀ ကျော်လာပြီ ကျောင်းပြီးသွားတဲ့သူတွေလည်းရှိမယ် ဒါပေမဲ့ မနက်အိပ်ရာနိုးလာတိုင်း ကိုယ့်ကိုယ်ကိုယ် "ငါ ဘာဆက်လုပ်ရမလဲ" လို မေးခွန်းထုတ်နေရပြီလား အသ...

ဆိုင်ရာ ဆိုင် ရာ Ai များ

ဆိုင်ရာ ဆိုင် ရာ Ai များ

1) ဘာမဆို ဖြေရှင်းပေးနိုင်တဲ့ Chatgpt.com 2) အသံကို စာသားပြောင်းပေးတဲ့ RecCloud.com 3) ပန်းချီပုံတွေ ဖန်တီးပေးနိုင်တဲ့ MidJourney.com 4) ကုဒ်ရေးပြ...